MY

ကွန်ပျူတာတက္ကသိုလ်(ပြည်)

ကွန်ပျူတာတက္ကသိုလ်(ပြည်)သည် ပဲခူးတိုင်းဒေသကြီးပြည်မြို့တွင်တည်ရှိသည်။ ပညာရေး ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာပညာရပ်အထူးပြု ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်လျက်ရှိသော နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ပါမောက္ခချုပ်နေရာတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာမျိုးမင်းသန်းမှ ကိုယ်စားတာဝန်ယူထမ်းဆောင်လျက်ရှိသည်။

ကွန်ပျူတာတက္ကသိုလ်(ပြည်)
University of Computer Studies, Pyay
ပညာဝေဆာ သီရိခေတ္တရာ
UCS (Pyay)

တည်ထောင်ခုနှစ် ၂၀၀၄
ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်း
တည်နေရာ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၁၇.၆၈ ဧက
အဖွဲ့အစည်း ပညာရေးဝန်ကြီးဌာန
ဝဘ်ဆိုတ် တရားဝင်ဝဘ်ဆိုတ်

. . . ကွန်ပျူတာတက္ကသိုလ်(ပြည်) . . .

ကွန်ပျူတာတက္ကသိုလ်(ပြည်)အား အစိုးရကွန်ပျူတာကောလိပ်အဖြစ် ၂၀ဝ၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာအသုံးချသင်တန်းများ(Modules)ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ စတင်၍ ၂၀ဝ၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သည့် ကျောင်းသား/သူများကို ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ပထမနှစ် သင်တန်းသားများအဖြစ် စတင်လက်ခံခဲ့သည်။ ၎င်းမှတဆင့် ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပြည်)အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ အကျယ်အဝန်းအားဖြင့် (၁၇.၆၈)ဧက ကျယ်ဝန်းပြီး ပြည် မှ အောင်လံသို့သွားသောကားလမ်း မိုင်တိုင်အမှတ် ဝ၈၁/၂ ၏ တောင်ဘက်တွင် တည်ရှိသည်။[1]

ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အောက်ပါဘွဲ့များကို ပေးအပ်ချီးမြှင့်သည်။[1]

  • ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
  • ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)
  • စက်နည်းပညာမဟာဌာန (Faculty of Computer Systems and Technologies)
  • ပရိုဂရမ်နည်းပညာဌာန (Faculty of Computer Science)
  • သုတသိပ္ပံမဟာဌာန (Faculty of Information Science)
  • တွက်ချက်ရေးသင်္ချာမဟာဌာန (Faculty of Computing)
  • မြန်မာစာဌာန (Myanmar Department)
  • အင်္ဂလိပ်စာဌာန (English Department)
  • ရူပဗေဒဌာန (Physics Department )
  • အသုံးချဌာန (Application Department)
  • စာကြည့်တိုက်ဌာန (Library Department)
  • ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာဌာန (Maintenance Department)
  • စီမံခန့်ခွဲရေးဌာန (Administrative Department)
  • ငွေစာရင်းဌာန (Finance Department)
  • ကျောင်းသားရေးရာဌာန (Student Affair)

ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အောက်ပါသင်တန်းများများကို ဖွင့်လှစ် သင်ကြားလျက်ရှိသည်။[1]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ
  • စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ
  • ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ
  • ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ
  1. ကွန်ပျူတာတက္ကသိုလ်(ပြည်) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  • ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ဌာနများ၊ ပညာရေးဝန်ကြီးဌာန။

ဝိဇ္ဇာသိပ္ပံ
တက္ကသိုလ်များ
ကောလိပ်များ
ပညာရေး
တက္ကသိုလ်များ
ကောလိပ်များ
ကျန်းမာရေး
တက္ကသိုလ်များ
နည်းပညာ
တက္ကသိုလ်များ
ကောလိပ်/သိပ္ပံများ
ကွန်ပျူတာ
တက္ကသိုလ်များ
နိုင်ငံခြားဘာသာ
တက္ကသိုလ်များ
စိုက်ပျိုးရေး
တက္ကသိုလ်များ
ကောလိပ်၊ သိပ္ပံများ
  • ပုသိမ်ကြီးစိုက်ပျိုးရေးသိပ္ပံ
  • ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံ
သစ်တော
တက္ကသိုလ်များ
သင်တန်းကျောင်းများ
စီးပွားရေး
တက္ကသိုလ်များ
ကောလိပ်များ
  • ဗဟိုသမဝါယမကောလိပ် (ဖောင်ကြီး)
  • သမဝါယမဒေသကောလိပ် (မန္တလေး)
ဘာသာရေး
ဗုဒ္ဓဘာသာ
ခရစ်ယာန်ဘာသာ
ကာကွယ်ရေး
ဖွံ့ဖြိုးရေးနှင့်ယဉ်ကျေးမှု
ဖွံ့ဖြိုးရေးတက္ကသိုလ်
ယဉ်ကျေးမှုတက္ကသိုလ်

. . . ကွန်ပျူတာတက္ကသိုလ်(ပြည်) . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ကွန်ပျူတာတက္ကသိုလ်(ပြည်) . . .

Back To Top