သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း[1]သည် ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်သည်။
. . . သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း . . .
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ပြည်သူပိုင်သတင်းစာ တိုက်များ ကြီးကြပ်ရေးအဖွဲ့ကို ၁၉၇၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် “သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေးရှင်း” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းကို နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ်ပြောင်းလဲ၍ “သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း” ဟု ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
တင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ရည်မှန်းချက် (Mission) မှာ “ပြည်သူကိုဗဟိုပြု၍ သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်း အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန်” ဖြစ်သည်။
၁၉၁၄ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စာမျက်နှာ (၂၀)မှ စာမျက်နှာ (၂၄)သို့လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ စာမျက်နှာ (၃၂)သို့ လည်းကောင်း စာမျက်နှာများ တိုးမြှင့်ထုတ်ဝေခဲ့သည်။ ရောင်စုံ ၁၆ မျက်နှာကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှလည်းကောင်း၊ ရောင်စုံ (၃၂)မျက်နှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ လည်းကောင်း ပြောင်းလဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။ လူမှုစီးပွား အားကစားအချပ်ပိုအား အပတ်စဉ် သောကြာနေ့တိုင်း ရောင်စုံ(၈)မျက်နှာဖြင့်လည်းကောင်း၊ Today Yangon အချပ်ပိုအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ မန္တလေးစာမျက်နှာအား အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း ရောင်စုံ(၄)မျက်နှာဖြင့်လည်းကောင်း၊ ရခိုင်ရွှေမြေ အချပ်ပိုအား အပတ်စဉ်ကြာသပတေးနေ့တိုင်း ရောင်စုံ (၄)မျက်နှာဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အတွင်း ဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာ များတွင် ဟင်္သာမီဒီယာ အချပ်ပို အား (၉-၈-၂၀၁၈) ရက်နေ့မှစ၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
. . . သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း . . .