MY

ဒုတိယ နဝဒေး

ဒုတိယ နဝဒေးသည် ဘိုးတော်ဘုရားလက်ထက်တွင် ဝက်မစွတ်မြို့ကိုစားရသော စာဆိုတော်ဖြစ်သည်။

. . . ဒုတိယ နဝဒေး . . .

မြန်မာစာပေသမိုင်းတွင် နဝဒေးဘွဲ့ခံ စာဆိုတော်ငါးဦးရှိသည်ဟု ဆိုသည်။

  1. အင်္ကုရမည်သော ဇင်းမယ်နဝဒေး
  2. လှော်ကားသုံးထောင်မှူးခေါ် တောင်ငူနဝဒေး
  3. ရွှေတောင် နန္ဒသူခေါ် စလင်းနဝဒေး
  4. စစ်ကိုင်း ထောင်သင်း။ စလင်းလင်္ကျာ၊ ပြည်မှာ နဝဒေးဟု ကျော်ကြားသည့် ပြည် နဝဒေးကြီး
  5. ဝက်မစွတ်နဝဒေး တို့ပင်ဖြစ်သည်။

ပထမနဝဒေး သုံးဦးမှာ ပျို့လင်္ကာ၊ ကဗျာ ဝါသနာထုံသူတို့က အရေးအသား ပြောင်မြောက်သည်ကို လေးစားသဖြင့် ချီးကျူးခေါ်ဆိုခြင်းဖြစ်သည်။ ဘုရင်က ပေးသနားသော ဘွဲ့တော်မဟုတ်ပေ။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်နဝဒေး တို့သာလျှင် ဘုရင်က ပေးသနားသော ဘွဲ့တော်ဖြစ်ပေသည်။ ထို့ကြောင့် ဝက်မစွတ်နဝဒေးကို ဒုတိယနဝဒေးဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ ၉၂၈-ခုနှစ်တွင် ရာဇဌာနီ ချီ ဟံသာဝတီမြို့ဘွဲ့ရတုကို ရေးသားဆက်သ သဖြင့် ဘုရင့်နောင်က ပဌမနဝဒေးဘွဲ့ကို ပေးသနားသည်။ ပြည်နဝဒေးကြီး သို့မဟုတ် ပဋ္ဌမနဝဒေးကြီးကို ရတုနဝဒေးကြီးဟု လည်းခေါ်ကြသည်။

ဝက်မစွတ်နဝဒေးမှာ ၁၁၆၁-ခုနှစ်လောက်က ဘိုးတော်ဘုရားက နဝဒေးဘွဲ့ကို ပေးသနားခဲ့ခြင်း ဖြစ်သည်။ ဒုတိယနဝဒေး သို့မဟုတ် မော်ကွန်းနဝဒေးဟုလည်း ကျော်ကြားသည်။

. . . ဒုတိယ နဝဒေး . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ဒုတိယ နဝဒေး . . .

Back To Top