MY

နိုင်ငံခြားရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံခြားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အဓိကဆောင်ရွက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ထားသည်။ လက်ရှိဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ဦးဝဏ္ဏမောင်လွင်ဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဒေါ်ဇင်မာအောင်အား ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ရန် ပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[1]

Ministry of Foreign Affairs
 မြန်မာအစိုးရအဖွဲ့အစည်း


နိုင်ငံခြားရေး ဝန်ကြီးဌာန

နိုင်ငံခြားရေးဝန်ကြီးဌာန အမှတ်တံဆိပ်

ဦးဝဏ္ဏမောင်လွင်
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၇ မတ် ၁၉၄၇ (နိုင်ငံခြား​ရေးရာဌာန)
  • ၄ ​မေ ၁၉၄၈ (နိုင်ငံခြား​ရေးရုံး​တော်)
  • ၂၅ ​မေ ၁၉၆၇ (ဝန်ကြီးဌာန)
ဌာနချုပ် ရုံးအမှတ် (၉)၊ နေပြည်တော်

19.7534296°N 96.1192157°E / 19.7534296; 96.1192157

ဝန်ကြီးများ ဦးဝဏ္ဏမောင်လွင်ပြည်ထောင်စုဝန်ကြီး
ဌာနအကြီးအမှူးများ ဦးချမ်းအေး၊ အမြဲတမ်းအတွင်းဝန်
ဝက်ဘ်ဆိုက် mofa.gov.mm

. . . နိုင်ငံခြားရေး ဝန်ကြီးဌာန . . .

မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်ရှိစဉ်၊ ၁၉၃၅ခုနှစ် ၊ မြန်မာပြည်အက်ဥပဒေ (Government of Burma Act, 1935 )၊ ပုဒ်မ (၇) ပြဋ္ဌာန်းချက်အရ နိုင်ငံခြားရေးကိစ္စများနှင့် ကာကွယ်ရေး၊ သာသနာရေးကိစ္စများကို မြန်မာနိုင်ငံဘုရင်ခံက တစ်ချက်လွှတ်အာဏာဖြင့် ဆောင်ရွက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင့် ဗြိတိသျှအစိုးရ အိန္ဒိယသို့ ဆုတ်ခွာသည့် ၁၉၄၂ ခုနှစ် အချိန်တို့တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာကိစ္စကို မြန်မာပြည်ကာကွယ်ရေးဝန်ကြီးဌာန (Defence Department) တစ်ခုတည်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးဆုံးပြီးနောက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ဗြိတိသျှအစိုးရ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ၁၉၃၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာပြည်အက်ဥပဒေသည် ပြန်လည်အသက်ဝင်လာခဲ့သည်။ယင်းအက်ဥပဒေ၊ ပုဒ်မ (၇)ပါ ပြဋ္ဌာန်းချက်ကို  တာဝန်ယူဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာဌာန(Defence and External Affairs Department) ကိုတည်ထောင်၍ ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိတစ်ဦးက တိုက်ရိုက်တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယခင်အမှတ်တံဆိပ်

၁၉၄၆ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ မြန်မာပြည်သူများ၏ တောင်းဆိုချက်အရ အဆိုပါဌာနကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီအောက်တွင် ထားရှိခဲ့ပြီး၊ ထိုစဉ်က ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယသဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရ တို့ဆွေးနွေးသဘောတူညီချက်အရ နိုင်ငံခြားရေးရာကိစ္စများတွင် မြန်မာနိုင်ငံ၏ သဘောအလျောက် ဆောင်ရွက်ခွင့် ရရှိလာခဲ့ပြီး နိုင်ငံခြားရေးရာဌာန(Department of Foreign Affairs)  ကို ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့စွဲပါ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန၏ အမှာစာ ၇၇ ဒီ(အမ် အမ်) ၄၇ အရ ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးကြပ်မှုအောက်တွင် သီးခြားဖွဲ့စည်းခဲ့သည့်နေ့ရက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန  စတင်ဖွဲ့စည်းထူထောင်သည့်နေ့ဟု သတ်မှတ်ခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ အတွင်းဝန် (၁) ဦး၊ ရုံးအုပ်ကြီး (၁) ဦး၊ အထက်တန်းစာရေး(၃)ဦး ၊ အောက်တန်းစာရေး(၁)ဦး၊ မင်းစေ(၂)ဦး ၊ စုစုပေါင်း အရာထမ်း(၁)ဦးနှင့် အမှုထမ်း (၈) ဦးသာ ရှိခဲ့သည်။ ယင်းအချိန် နိုင်ငံခြားရေးဝန်ကြီးဌာန  ၏ အတွင်းဝန် မှာ အိုင်စီအက်(စ်)ဦးရွှေဘော် ဖြစ်သည်။

၁၉၄၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေးရာဌာနကို နိုင်ငံခြားရေးရုံးတော်(Foreign Office) ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ပြီးနောက်၊ အတွင်းဝန်ဆိုသည့် ရာထူးအသုံးအနှုန်း ကို အမြဲတမ်းအတွင်းဝန်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးရုံးတော် အမည်မှ နိုင်ငံခြားရေးဝန်ကြီးဌာန(Ministry of Foreign Affairs) ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။[2]

. . . နိုင်ငံခြားရေး ဝန်ကြီးဌာန . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . နိုင်ငံခြားရေး ဝန်ကြီးဌာန . . .

Back To Top