MY

သီရိရတနာ

ဒေါ်သီရိရတနာ ( ၁၂ စက်တင်ဘာ ၁၉၇၉ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၂ ကိုယ်စားပြု တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ [2]

ဒေါ်သီရိရတနာ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ် မွန်ပြည်နယ် မဲဆန္ဒနယ် ၁၂[1]
အနိုင်ရမဲ အရေအတွက် ၃၄,၅၂၇ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1979-09-21) ၂၁ စက်တင်ဘာ၊ ၁၉၇၉ (အသက် ၄၁)
ဘီးလင်းမြို့မွန်ပြည်နယ်
လူမျိုး မြန်မာ
နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘ ဦးမင်းလွင်
ဒေါ်တင်တင်အေး
မိခင်ကျောင်း မော်လမြိုင်တက္ကသိုလ်

. . . သီရိရတနာ . . .

ဒေါ်သီရိရတနာကို မွန်ပြည်နယ်၊ ဘီးလင်း ၌ ၁၉၇၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင်မွေးဖွားခဲ့သည်။ မော်လမြိုင်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (သမိုင်း) ဖြင့် ဘွဲ့ရရှိခဲ့သည်။ [2] သူမ၏ ယခင်အလုပ်မှာ ကုန်သည်ဖြစ်သည်။

သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃၄,၅၂၇ မဲဖြင့် အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[2][3]

  1. MP profile (in my)။ Amyotha Hluttaw 14 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 March 2018 တွင် ပြန်စစ်ပြီး။
  2. MP profile (in my)။ Pyidaungsu Hluttaw 8 March 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar 2018-03-08 တွင် ပြန်စစ်ပြီး။

. . . သီရိရတနာ . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . သီရိရတနာ . . .

Back To Top