[၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၄။]
. . . ၁၉၆၄ ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပေဒေ။ . . .
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီကို တည်ဆောက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးစနစ်များကို ထူထောင်ရန်ကြိုးပမ်းလျက်ရှိသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပစ္စက္ခအခြေအနေအရပ်ရပ်က ဆိုရှယ်လစ်စနစ်မှအပ အခြားစနစ်ကို တည်ဆောက်ရန်မဖြစ်နိုင်ဟု ပြရုံမက၊ ယင်းစနစ်သည်သာလျှင် တောင်သူလယ်သမားများ၊ အလုပ်သမား များ၊ တိုင်းပြည်အတွက် အလုပ်လုပ်သော အတတ်ပညာသည်များနှင့် အသိပညာရှင်များ အစရှိသည်တို့ ပါဝင်သည့် လုပ်သားပြည်သူတရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု သမိုင်းကလည်း သက်သေပြခဲ့သည်။
ယင်းသို့ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ရာတွင် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ တိုင်းပြည်အတွက် အလုပ်လုပ်သော အတတ်ပညာသည်များနှင့် အသိပညာရှင်များအစရှိသည်တို့ပါဝင်သည့် လုပ်သားပြည်သူတရပ်လုံး စည်းလုံးညီညွတ်စွာ လုပ်ကိုင်မှအချိန်တိုတိုနှင့် အကောင်းဆုံးသော အောင်မြင်မှု ကို ရရှိနိုင်မည်။
နောက်ကြောင်းနှင့်ပစ္စက္ခအခြေအနေကိုကြည့်ပါက နိုင်ငံရေးပါတီဦးရေနှင့်အမျှ တောင်သူလယ် သမား၊ အလုပ်သမား၊ အဖွဲ့အစည်းများ အစိတ်စိတ်အမြွှာမြွှာကွဲ၍ ပေါ်ပေါက်ကာ၊ တောင်သူလယ်သမား၊ အလုပ်သမားတို့သည်အချင်းချင်းညီညွတ်မှုမရကြဘဲ စိတ်ဝမ်းကွဲကြသဖြင့်၊ ပြည်ထောင်စု၏အကျိုး၊ မိမိတို့၏အကျိုးကို ထိရောက်စွာ မဆောင်ရွက်နိုင်ရုံသာမက၊ မိမိတို့၏အတွင်း ပဋိပက္ခများကြောင့်ငွေရှင်၊ ကြေးရှင်၊ မြေရှင်များ၏ လုပ်ခုပ်အတွင်းထင်သလို ခြယ်လှယ်ခံရသည့်ဘဝသို့ ရောက်ခဲ့ကြရသည်။
ထို့ပြင်နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သော်လည်း အချို့သော အခြားအဖွဲ့အစည်းများသည်လည်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးကိုသော်လည်းကောင်း၊ စည်လုံးညီညွတ်ရေးကိုသော်လည်းကောင်း၊ ထိပါးအောင်လုပ်ကိုင်နေ သည်ကို တွေ့မြင်နေရပေသည်။
ထို့ကြောင့်ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
. . . ၁၉၆၄ ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပေဒေ။ . . .