MY

ကျော်ထွန်း၊ ဦး (ကဝိမျက်မှန်)

ကဝိမျက်မှန် ဦးကျော်ထွန်း
အမည်ရင်း ဦးကျော်ထွန်း
မွေးဖွား ၁၂၂၃ ခုနှစ်(မြန်မာသက္ကရာဇ်)
ဆင်မြီးဆွဲရွာဟောင်း
ကွယ်လွန် ၁၂၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်
အလုပ်အကိုင် ကဝိမျက်မှန် သတ်ပုံကျမ်းအား ပထမဆုံးပြုစုခဲ့သူ၊ ကျောင်းဆရာ
နိုင်ငံသား မြန်မာ
ပညာရေး ကိုးတန်းအောင်မြင်
အိမ်ထောင်ဖက် ဒေါ်စိုးမယ်၊ ဒေါ်အေးမေ
သားသမီး သမီကြီး မအုန်းခင်၊ သား ကိုလှမောင်၊ ကိုလှဟန်၊ သမီး မဖွားမျှင်၊ သား မောင်စံရွှေ၊ သမီး မသိန်းတင်
မိဘ ဦးအာကြီး+ဒေါ်ပို

. . . ကျော်ထွန်း၊ ဦး (ကဝိမျက်မှန်) . . .

အစောဆုံးနှင့် ခေတ်မီ၍ စနစ်အကျဆုံး သတ်ပုံကျမ်း တစ်စောင်ဖြစ်သည့် ကဝိမျက်မှန် သတ်ပုံကျမ်းကို ပြုစုခဲ့သူမှာ ကဝိမျက်မှန် ဦးကျော်ထွန်း ဖြစ်သည်။

ကဝိမျက်မှန် သတ်ပုံကျမ်းကို ပထမကမ္ဘာစစ်ကြီး မဖြစ်မီ ခရစ်နှစ် ၁၉ဝ၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၆၅- ခုနှစ်တွင် ရန်ကုန်မြို့ ၂၅ လမ်း၊ စာဆိုတန်း၊ တိုက်နံပါတ် ၁၇-၁၈၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ် ပုံနှိပ်တိုက်မှ ပထမနှိပ်ခြင်းအဖြစ် အုပ်ရေ ၂ဝဝဝ ကို တစ်အုပ်လျှင် ရောင်းဈေး (၃)ကျပ်ဖြင့် ထုတ်ဝေ ဖြန့်ချိခဲ့လေသည်။

ပထမနှိပ်ခြင်းပင်လျှင် “နိုင်ငံတော် အစိုးရက မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ ကျောင်းသားများတွင် သုံးစွဲရန် သင့်ကြောင်း၊ ၁၉ဝ၈-ခု၊ အောက်တိုဘာလ (၅) ရက်နေ့၌ အစိုးရမင်း စာအုပ် ကော်မတီက ပြဋ္ဌာန်းထားသည်” ဟု စာလုံးသေးကလေးဖြင့် ဖော်ပြထားသည်။

ယင်းသို့ ဖော်ပြထားသည့် အတိုင်းပင် ထိုနှစ်မှစ၍ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ စာသင်ကျောင်းများ အစိုးရရုံးများနှင့် စာပုံနှိပ်တိုက် ဟူသမျှတို့တွင် ကဝိမျက်မှန် သတ်ပုံကျမ်းကို လက်စွဲပြု၍ ထားခဲ့ကြရလေသည်။

ထိုကဲ့သို့သော အချိန်၊ ထိုကဲ့သို့သော ခေတ်သမယတွင် ထိုမျှလောက် ခေတ်မီသော ကဝိမျက်မှန် သတ်ပုံကျမ်းကို ရေးသားခဲ့သော ကဝိမျက်မှန် ဦးကျော်ထွန်းအား သဲကုန်းမြို့၊ ကာသိင်္ဂါရွာသား လယ်သမားကြီး ဦးအာကြီးနှင့် ဆင်မြီးဆွဲရွာသူ ဒေါ်ပိုတို့က ၁၂၂၃-ခုနှစ်တွင် ဖွားမြင်သည်။ ဖွားမြင်သောအခါ ဆင်မြီးဆွဲရွာဟောင်း၌ပင် နေကြသည်။

ဦးကျော်ထွန်း ငယ်စဉ်က ဆင်မြီးဆွဲမြို့၏ အရှေ့ဘက်ရှိ မြင်းဏီကျောင်း ဆရာတော် ဦးနန္ဒဝန်ထံတွင် ပညာသင်ခဲ့သည်။ ထို့နောက် ရွှေတောင်မြို့ ဗိုလ်ရုံကျောင်း ဆရာတော် ဦးကဝိထံသို့ ပြောင်းရွှေ့ ပညာသင်ခဲ့သည်။ ထိုဆရာတော် ဦးကဝိမှာ ကျီးသဲလေးထပ် ဆရာတော်၏ တပည့် ဖြစ်လေသည်။ ထိုမှတဆင့် မန္တလေးမြို့သို့ တက်၍ ဆက်လက် ပညာသင်ကြားခဲ့ရာ မြန်မာဘာသာ ကိုးတန်း အောင်မြင်သည်။ ခုနှစ်တန်း ဆရာဖြစ် အီးဒီစီ (E.D.C.) လက်မှတ်ကိုလည်း ရရှိခဲ့သည်။

သို့နှင့် ဆင်မြီးဆွဲသို့ ပြန်ကာ ဆင်မြီးဆွဲ မူလရွာဟောင်းတွင် စာသင်ကျောင်းဖွင့်၍ သင်ကြားခဲ့သည်။ ထိုစဉ်က အလွတ်သင် ကျောင်းသာလျှင် ဖြစ်ခဲ့သည်။ ထိုအခါ ဦးကျော်ထွန်းမှာ ရွာသာယာကြီးသူ မစိုးမယ်နှင့် အကြောင်းဖက် ပေါင်းဖက်ခဲ့သည်။ စာသင်ကျောင်းကို ဆင်မြီးဆွဲရွာမှ တဖန် ဈေးဘက်သို့ ပြောင်းရွှေ့၍ ဖွင့်လစ်ခဲ့သည်။ ထိုစဉ်က ပြည်မြို့မှ ပညာဝန်ထောက် ဦးဘိုးမောင်တို့က အားပေး ကူညီသဖြင့် အစိုးရကျောင်း အဖြစ် အသိမှတ်ပြုကာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အထိ ပညာသင်ခွင့် ရခဲ့လေသည်။ နောင်တွင် စတုတ္ထတန်း အထိပင် သင်ကြား၍ သူ၏ ကျောင်းသားများကို စတုတ္ထတန်း အစိုးရစာမေးပွဲသို့ ဝင်ရောက်စေရာ အများအပြား အောင်မြင်ခဲ့လေသည်။

ဦးကျော်ထွန်းသည် ကျောင်းဆရာ ဘဝမှပင်လျှင် မြန်မာသတ်ပုံကျမ်း တစောင် ရေးသားပြုစုရန် အကြံပေါက်သဖြင့် ပြည်ရွှေတောင်၊ ကျီးသဲ၊ သရက်၊ အောင်လံ၊ မင်းဘူး၊ မကွေး စသော မြို့များသို့ သွားရောက်ကာ ရှေးခေတ်က ရေးသားခဲ့သော သက်ပုံသတ်ညွှန်းများ အားလုံးပင် ပေစာပုရပိုက် စာဖြင့်သာ ရေးသားထား ရှိလေသည်။

. . . ကျော်ထွန်း၊ ဦး (ကဝိမျက်မှန်) . . .

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under “Creative Commons – Attribution – Sharealike” [1] and some of the text can also be licensed under the terms of the “GNU Free Documentation License” [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages . Web links: [1] [2]

. . . ကျော်ထွန်း၊ ဦး (ကဝိမျက်မှန်) . . .

Back To Top